

ခရစ်တော်၌ တည်ခြင်း
“ပျော်ရွှင်မှုတစ်ခုဟာ သတိရနေမှသာ ပြီးပြည့်စုံတယ်”။ C.S.Lewis (စီအက်စ်လူးဝစ်)၏ Out of the Silent Planet စာအုပ်တွင် ဇာတ်ကောင်တစ်ဦး ပြောခဲ့သော ဤစကားများက ဘဝတွင် မြတ်နိုးတန်ဖိုးထားရသော အတွေ့အကြုံများကို ပြန်လည်အမှတ်ရစေသည့် ပျော်ရွှင်မှုကို သရုပ်ဖော်ထားသည်။ တောင်တက်ခရီးတစ်လျှောက် ရင်သပ်ရှုမောဖွယ်ရှုခင်းကိုခံစားခြင်း(သို့) အရေးကြီးသော ဘဝမှတ်တိုင်တစ်ခုကို ချစ်ရသူနှင့်မျှဝေခံစားခြင်းတို့သည် ကျွန်ုပ်တို့ ခံစားရသည့် ကနဦးပျော်ရွှင်မှုမျှသာ ဖြစ်နိုင်သည်။ မကြာခဏဆိုသလို၊ ထိုအခိုက်အတန့် (သို့) ထိုကဲ့သို့သောအခိုက်အတန့်များကို အမှတ်ရခြင်းက ထိုအတွေ့အကြုံခံစားရခြင်း၌ ပျော်ရွှင်မှုကို ပေါင်းစပ်ပေးသည်။
ဤအရာသည် သခင်ယေရှု၏ညစာစားပွဲတွင် ပုံမှန်ပါဝင်ကြရန် တပည့်တော်များအား ညွှန်ကြားသည့် နောက်ထပ်အကြောင်းရင်းတစ်ခုဖြစ်နိုင်သည်။ ကိုယ်တော် အသေမခံမီညတွင် ပသခါပွဲညစာကို သူတို့နှင့် ဝေမျှပေးသောအခါ၊ အဓိပ္ပာယ်အသစ်တစ်ခုကို ထည့်ပေါင်းပေးခဲ့သည်။ တဆေးမဲ့မုန့်နှင့်“စပျစ်ရည်”ကို သုံးဆောင်သောအခါ၊ ယေရှုက ၎င်းတို့သည် သူ၏ကိုယ်ခန္ဓာနှင့် သူ၏ အသွေးကို ကိုယ်စားပြုသည်ဟု ဖော်ပြခဲ့သည် (လု…